Only Yesterday

 


Title - Only Yesterday


Aired - Jul 20, 1991


Studio - Studio Ghibli


Genres - Slice of life, Drama, Romance


Duration - 1 hr 58 min


Review


Studio ghibli ရဲ့လက်ရာဖြစ်တဲ့ဒီကားလေးမှာတော့ Teako Okajima ဆိုတဲ့မိန်းကလေးက mc ဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ သူမရဲ့လက်ရှိအသက် 27 နှစ်အရွယ်နဲ့ ကလေးဘဝအကြောင်းနောက်ကြောင်းပြန်တဲ့ပုံစံ timeline နှစ်ခုကွဲနေတာပဲဖြစ်ပါတယ်။ ဒီကားလေးဟာဆိုရင် ဂျပန်နိုင်ငံရဲ့ကျေးလက်ဒေသ သဘာဝအလှအပတွေနဲ့ တောင်သူလယ်သမားဘဝကိုထင်ဟပ်နေပါတယ်။ တောင်သူလယ်သမားတွေရဲ့နေ့စဉ်လုပ်ငန်းစဉ် တွေနဲ့ သူတို့ရဲ့စိုက်ပျိုးရေးအပေါ်ထားတဲ့စိတ်ခံစားချက်တွေကိုကြည့်ရှုရမှာပါ။ သစ်ပင်ပန်းပင်တွေအကြောင်းဗဟုသုတလဲရစေမှာပါ။ ကလေးဘဝအကြောင်းနောက်ကြောင်းပြန်တဲ့အပိုင်းတွေမှာတော့ ကလေးသဘာဝဆိုးတာတွေ၊ ကလေးတွေရဲ့စိတ်ခံစားချက်တွေကို ပေါ်ပေါ်လွင်လွင်ဖော်ပြထားပါတယ်။ Myanimelist မှာလဲ score 7.46 ထိရရှိထားတဲ့ကားလေးတစ်ကားဖြစ်ပါတယ်။ အသက်ရွယ်မရွေးကြည့်ရှုနိုင်တဲ့ကားကောင်းလေးတစ်ကားဖြစ်လို့ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါတယ်။


=================================


Download link(Mega) >> Click here <<


Post a Comment

0 Comments