Bubble(Movie)


 

Bubble (Movie 2022)
Japanese - バブル
Aired - Apr 28, 2022
Producers - Warner Bros. Japan
Studios - Wit Studio
Duration - 1 hr. 40 min.
Rating - PG-13 - Teens 13 or older

Synopsis by Eugeo

မြေဆွဲအား နိယာမပျက်ယွင်းသွားတဲ့ တိုကျိုမြို့ကြီးမှာ ကောင်ငယ်လေးနဲ့ မိန်းမငယ်လေး ကံအရတွေ့ဆုံခဲ့ကြတယ်....
ဇာတ်အိမ်ကိုတော့ တိုကျိုမြို့ပေါ်မှာ အခြေတည်ထားပါတယ်။ 
ကမ္ဘာလောကကြီးရဲ့ မြေဆွဲအားသဘောကို လိုက်နာခြင်းမရှိ လေပေါ်မှာမျောနေတဲ့ ပူဖောင်းတို့ တိုကျိုမြို့ပေါ်ကို မိုးကဲ့သို့ ရွာသွန်းဖြိုးပြီးသကာလ တိုကျိုမြို့နဲ့ ကမ္ဘာလောကကြီးကို စည်းခြားထားလိုက်ပါတယ်။
စည်းခြားခံလိုက်ရတဲ့ တိုကျိုမြို့ဟာ မိသားစုကို ဆုံးရှုံးလိုက်ရတဲ့ လူငယ်လူစုတို့ ဆော့ကစားရာ နေရာတစ်ခုဖြစ်လာပါတယ်။
တိုက်တစ်တိုက်နဲ့ နောက်တစ်တိုက်ကို ခုန်ပျံကျော်လွှားကြတဲ့ Parkour အဖွဲ့တွေအတွက် ဒီ တိုကျိုမြို့ဟာ တိုက်ပွဲမြေပြင်မှာ စစ်တိုက်နေကြတဲ့ ခံစားမှုမျိုးနဲ့ ကစားလျက်ရှိပါတယ်။
Hibiki (ဟိဘိခိ) ဆိုတဲ့ ကောင်လေးဟာ ဆန်းဆန်းပြားပြားနဲ့ သက်စွန့်ဆံဖျား ဆော့တတ်တဲ့ သူ့ပင်ကိုယ်သဘာဝကြောင့် လူသိများထင်ရှားတဲ့ Ace ဖြစ်ပါတယ်။
တားမနိုင် ဆီးမရတဲ့ ပင်ကိုယ်သဘာဝရဲ့ အလေ့အထအတိုင်း Hibiki တစ်ယောက် တစ်နေ့မှာ မြေဆွဲအားသက်ရောက်တဲ့ပင်လယ်ပြင်ကို ခြေလွန်ပြီး ရောက်ရှိသွားပါတယ်။ သူ့အသက်ကို ကယ်တင်လိုက်တဲ့သူက မေခလာနတ်သမီးမဟုတ်ဘဲ Uta ( တေးသံ) လို့ နာမည်ပိုင်ရှင်ဖြစ်ပါတယ်။
Uta ဟာ ထူးပြားဆန်းကျယ်တဲ့ အစွမ်းတွေပိုင်ဆိုင်ထားတဲ့ သူလေးပါ။ သူတို့နှစ်ဉီးဟာက ကံကြမ္မာအရပဲတွေ့ဆုံကြပြီး ကံကြမ္မာအရပဲ ထူးဆန်းတဲ့အသံကို သူတို့နှစ်ဉီးတည်းကပဲ စိတ်နားမှာ ကြားနေရတာပါ။
Uta ဟူသော မိန်းမငယ် Hibiki နှင့် တွေ့ဆုံရခြင်း အကြောင်းကား အဘယ်နည်း။
သူတို့နှစ်ဉီး ဆုံစည်းခြင်းသည် ကမ္ဘာကြီးပြောင်းလဲမဲ့ ကမ္ဘာ့နောက်ဆုံးနေ့ကို ဉီးတည်နေသလော။ 
ကြည့်ရှုတော် မူကြပါဘိ

Post a Comment

0 Comments