Vampire in the garden

 


Vampire in the garden (2022)


JP title - ヴァンパイヤ・イン・ザ・ガーデン

Type - ONA

Episodes - 5

Aired - May 16, 2022

Producers - Netflix

Studios - Wit Studio

Source - Original

Theme - Vampire

Duration - 26 min. per ep.

Rating - PG-13 - Teens 13 or older


Synopsis 


ပြီးခဲ့တဲ့May လ၁၆ရက်နေ့ကမှNETFLIXမှာထွက်ထားတဲ့အပိုင်း၅ပိုင်းသာပါရှိတဲ့Seriesကောင်းလေးတစ်ခုနှင့်မိတ်ဆက်ပေးချင်ပါတယ်ဗျ။IMDB rating အနေနဲ့ကတော့6.9ရထားပြီးတော့MAL Ratingအ‌ နေနဲ့ ကတော့လက်ရှိမှာ 7.2ရရှိထားပြီးAOTတို့Great Pretenderတို့ကိုထုတ်လုပ်တဲ့WIT studioရဲ့လက်ရာ‌ေကာင်းဖြစ်လို့လက်မလွှတ်သင့်တဲ့Action,Drama,Horror စီးရီးကောင်းလေးဖြစ်ပါတယ်ဗျ။


ဒီအရာကတော့ လူသားမိန်းကလေးတစ်ဦးနဲ့ဗန်ပိုင်းယားမလေးတစ်ဦးတို့ရဲ့နှစ်ဦးကြားကဆက်စပ်နေတဲ့ချစ်ပုံပြင်လေးတစ်ခုပါ။


အေးခဲလွန်းလှပြီး ချမ်းတုန်လှတဲ့ဟေမာန်ဆောင်းလရာသီအချိန်အခါကြား ရင်ထဲအပူမီး ဒေါသမီး အမုန်းတရားမီးများလောင်ကြွမ်းနေကြသော ရက်စက်လှသည့်လူသားများက ဗန်ပိုင်းယားများကိုသုတ်သင်ပြီး တလောကလုံးကိုကြီးစိုးရန် တက်မက်မှု‌ေလာဘကြီးလှသည့့်အာဏာမီးမျာနှင့်အတူ ဗန်ပိုင်းယားများကိုရက်စက်စွာသုတ်သင်နေကြသည်။


လူသားအစစစ်မီးကို ဗန်ပိုင်းယားများလည်းသည်းမခံနိုင်တော့ပဲ ဆေးများသုံးကာာ မိမိကိုယ်ကိုယ်ထိုး၍အင်အားကြီးစေပြီးလူသားတို့ကိုပြန်လည်ခုခံကြသည်။ဤသို့ပင်နှင့် လူသားများနှင့်ဗန်ပိုင်းယားများကြားမှအမုန်းတရားစစ်မီးလောင်ကြွမ်းကာ ဖြူစင်အေးမြလှသော‌ေလာကနှင်းရင်ပြင်ကြီးမှသွေးပင်လယ်အဖြစ်သို့ပြောင်းလဲသွားသည်။


ဤသို့အမုန်းတရားများကြားမှ လူသားမျိုးနွယ်တို့၏ဘက်မှ ဗိုဟ်ချုပ်မှူးကြီး၏သမီးဖြစ်သူ

လူသားများနှင့်ဗန်ပိုင်းယားတို့၏အမုန်းတရားစစ်မီးကိုငြှိမ်းချင်နေသောမိန်းမငယ်လေး မိုမို...


လူသားတို့နှင့်ဗန်ပိုင်းယားတို့ငြိမ်းချမ်းစွာနေထိုင်နိုင်သောလက်လှမ်းမမှီ‌ေဝးကွာ‌ေန‌ေသာနေရာတစ်နေရာကိုတည်ဆောက်ချင်နေသူ ဗန်ပိုင်းယားတို့၏အရှင်မ ဖီးနဲ တို့ အမှတ်မထင်တွေ့စုံလိုက်သောအခါ...ထိုနေရာလေးကိုလက်လှမ်းမှီနိုင်မလား၊တည်ဆောက်နိုင်မလားဆိုတာကိုတော့ရုပ်ရှင်လေးထဲမဆောက်နိုင်မလားဆိုတာကိုတော့ရုပ်ရှင်လေးထဲမှာဆက်လက်ရှုစားလိုက်ကြပတော့ရုပ်ရှင်လေးထဲမှာဆက်လက်ရှုစားလိုက်ကြပါကုန်။


Reviewed by Min(freelance writer)


Translation OKM Team

Encoders

Episode 1- Min

Episode 2 to 5 KyromX


OKM ကနေ ဘာသာပြန်တဲ့အပိုင်းကို တာဝန်ယူထားပြီးတော့ Anime King MM Sub မှ Encode ပိုင်းကို တာဝန်ယူပေးထားပါတယ်။


All Episodes Download Link 

Post a Comment

0 Comments